Mar 30, 2011

ကာကာ လက်သစ်အား ပေါင် ၈သန်းဖြင့် ခေါ်ယူတော့မည့် ချယ်လ်ဆီး

ကာကာ လက်သစ်ဟု တင်စားခြင်း ခံနေရသည့် ဘရာဇီးလ် လူငယ် ပါရာဇွန်အား ချယ်လ်ဆီး အသင်းက ပြောင်းရွှေ့ကြေး ပေါင်၈သန်းဖြင့် ခေါ်ယူရန် အကြို သဘောတူညီမှု စာချုပ် ချုပ်ဆို နိုင်ခဲ့ပြီဟု သိရသည်။




ချယ်လ်ဆီး အသင်းသည် လူငယ် ကစားသမား ပါရာဇွန်အား လွန်ခဲ့သော ၂ နှစ်ခန့်ကပင် စတင် စောင့်ကြည့်ခဲ့ပြီး ပြီးခဲ့သည့် လက အကြို သဘော တူညီမှု ရရှိခဲ့ပြီဟု သတင်းများက ဖော်ပြခဲ့ကြကာ ပြောင်းရွှေ့ကြေး မည်မျှ ပေးရမည် ဆိုသည်အား မသိခဲ့ရပေ။ ထိုစဉ်က ပေါင် ၅.၃သန်းဖြင့် သဘောတူညီမှု ရခဲ့သည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ယခုအခါ ပေါင် ၈သန်းဖြင့် စာချုပ် ချုပ်ဆို နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၁၇နှစ် အရွယ် ပါရာဇွန်သည် ဘရာဇီးလ် နိုင်ငံ၏ အလားအလာ အရှိဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး တောင်အမေရိက ၁၇နှစ်အောက် ပြိုင်ပွဲတွင် ဘရာဇီးလ် လူငယ် အသင်းနှင့် ၀င်ရောက် ယှဉ်ပြိုင်လျှက် ရှိကာ ဗင်နီဇွဲလားနှင့် ပေါ်တူဂီ ပွဲများတွင် အနိုင်ဂိုးများ သွင်းယူ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပါရာဇွန်သည် စီနီယာ ကစားသမား ကာကာထက်ပင် ပိုမို ကောင်းမွန် လာနိုင်တဲ့ ကစားသမား ဖြစ်သည်ဟု သိရပြီး ၂၀၀၉ ခုနှစ်တွင် အကောင်းဆုံး လူငယ် ကစားသမားဆု ရခဲ့ကာ အသက် ၁၅ နှစ်အောက် တောင်အမေရိက ပြိုင်ပွဲတွင် ၁၀ဂိုးထိ သွင်းယူ ပေးနိုင်ခဲ့သည့် ကစားသမား ဖြစ်သည်။

0 comments:

  © Blogger template 'Isolation' by Ourblogtemplates.com 2008

Back to TOP