Feb 27, 2012

၂၀၁၀ အချစ်

                

၂၀၁၀ အချစ်

အပြောင်းအလဲတဲ့
ချစ်သူရေ
မင်းနဲ့ငါ
သက်ဆုံးတိုင်မပြောင်းလဲကြေးနော် ……
ကမ္ဘာပူနွေး
ရေခဲပျော်ရ

သစ်ခြောက်ကျိုးကျ
ဗျိုင်းအုပ်လန့်ပျံ
စသည် .. စသည်ဖြင့် …
ညီလာခံ။
မီးဖိုပေါ်
ဒယ်တင်ပြီးမှ
ဆီရှာမရတဲ့
တို့ … လူတွေဘ၀နဲ့များ.. ကွာပါ့..။
ဆရာ-နေဇော်နိုင်ရဲ့
သံလမ်းမဲ့ရထားမဟုတ်
လက်မှတ်ကုန်သွား
လမ်းကြောင်းပြောင်းခဲ့
ရထားထွက်မဲ့
ခရီးမှာ
စီးနင်းသူများလို့တဲ့ ……..
ကဆုန်မှာ အတာကူးမှာမို့
ပြောင်းလဲဖို့ရှိသတဲ့ …
သိကြားမင်းက
ကျွဲစီးဆင်းမှာနော်
တို့ .. တိုင်းပြည်လုပ်
သင်္ကြန်စာရောင်းသူ့အော်သံ ..။
တရုတ်တွေ ဒီတခါညံ့တယ်
ကျားနှစ်မဟုတ်
မျက်မမြင်ပုဏ္ဏားတွေ
ဆင်စမ်းမဲ့ .. ဆင်နှစ်
ဟိုမှာကြည့်စမ်း
ဓမ္မနဲ့လုပ်အား
ပေါင်းစပ်ထား .. စိမ်းစိုနေပါရော့လား
ဟော … ဟိုမှာတော့
၂၀၁၀ ….
အပြောင်းအလဲကို
အမြီးမှာချည်ထားတဲ့
မြွေတကောင်
ပတ်ကြားအက်ထဲဝင်သွားလို့
ရှာဖို့ကြိုးစားနေသူတွေနဲ့
စည်ကားလို့နော်
ပြီးတော့ .. သူတို့က ..
မဲပြာအိုးထဲ
ကျသွားတဲ့
မြေခွေးတွေအဖော်ပြုလို့
ချစ်သူရေ
မင်းနဲ့ငါတော့
မပြောင်းလဲကြေးနော် …
၂၀၁၀ ပဲဖြစ်ဖြစ်
လွန်သွားတာပဲဖြစ်ဖြစ်ပေါ့ … ။    ။
× × ×
ငြိမ်းလူ

0 comments:

  © Blogger template 'Isolation' by Ourblogtemplates.com 2008

Back to TOP